သတိသံဝေဂ လင်္ကာများ

သြော်....လူ့ပြည်လောက လူ့ဘ၀ကား အိုရနာရသေရဦးမည် မှန်ပေသည်တည်း။ သို့တပြီးကား..... သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။


ဆရာဇော်ဂျီ



အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။



                                            စစ်ကိုင်းရွှေဟင်္သာဆရာတော်


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုပ်သိုးခန္ဓာ ၊ မြှုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။

 

No comments:

Post a Comment